November 16, 2010

ရှေ့ကို ဘယ်လိုလုပ်မလဲ

(၀ါရှင်တန်သတင်း) အမေရိကန်အစိုးရရုံး ရဲ့ လက်ထောက်အတွင်းရေးမှုး (သတင်းထုတ်ပြန်ရေးတာဝန်ခံ) ဖီးလစ် ခရိုးလီ က ၁၅ရက်နေ့မှာပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲမှာ အမေရိကန်အစိုးရအနေနဲ့ ရှေ့လာမယ့် ရက်သတ္တပါတ်များမှာ မြန်မာစစ်အစိုးရ နဲ့ တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ဘို့ ပေါ်လစီချမှတ်ထားပါတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။


ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို လွတ်ငြိမ်းခွင့်ပေးမှုတို့ကိုပြုလုပ်ခဲ့တဲ့ စစ်အစိုးရရဲ့ လုပ်ဆောင်မှုများအပေါ် ရှုမြင်သုံးသပ်သလို ဒီမိုကရေစီရေး နဲ့ လူ့အခွင့်အရေး ပြောင်းလဲတိုးတက်ရေးအတွက် ရည်ရွယ် တွန်းအားပေးသွားဘို့ရည်ရွယ်ပါတယ်။ လက်ထောက်အတွင်းရေးမှူး ပြောသွားတာကတော့ “ စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပြင် အခြားနိုင်ငံရေးအကျဉ်းသားများ ကို ပြန်လည်လွှတ်ပေးဘို့၊ တိုင်းရင်းသားလူမျိုးစုများအတွက် ဆောင်ရွက်မှုတွေကို ဘယ်လို စဉ်းစားထားသလဲဆိုတာတွေကို သိချင်ပါတယ်” ။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် ရဲ့ လွတ်ငြိမ်းခွင့်ပေးမှု နဲ့ ဖမ်းဆီးချုပ်နှောင်မှုတို့ကို အကြိမ်ကြိမ်ပြုလုပ်ခဲ့တာတွေကို ထောက်ပြသုံးသပ်ခဲ့ တဲ့အပြင် ၊ ဒေါ်အောင်ဆန်းစုကြည်အတွက် စစ်အစိုးရအနေနဲ့ ရှေ့ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာကို “အထူးသတိပြု စောင့်ကြည့်သွားမယ်” လို့လည်း ဆက်လက်ပြောဆိုသွားခဲ့ ပါတယ်။

ဂျပန်စံတော်ချိန်။ ။နိုဝင်ဘာ၁၆ရက်၊ ၀၉း၀၀။
ကိုးကား။ ။ http://headlines.yahoo.co.jp/hl?a=20101116-00000023-jij-int
ဓါတ်ပုံAP

2 comments:

SHWE ZIN U said...

အင်း ညီမ ရေ

ရှေ့ကို ဒီလို ဘဲ လုပ်ကြတာပေါ့တဲ့ ဟိုလူကြီးကလေ အရင်အတိုင်းလေ တဲ့

စတာညီမရေ စောင့်ကြည့်ကြတာပေါ့

ခင်မင်တဲ့
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

ဲမြန်မာပြည်အတွက် ကောင်းမွန်သော ပြောင်းလဲမှုများကို
မျှော်လင့်မိပါတယ်..