November 7, 2010

ကျွန်မကတော့ သွားခဲ့ပါတယ်

၂၀၁၀၊နိုဝင်ဘာလ၊၇ရက်နေ့
ဂျပန်နိုင်ငံအနယ်နယ်အရပ်ရပ်က မြန်မာတွေ ဒီဘူတာကိုလာကြတယ်။ ဒီဘူတာက ရှီနာဂါဝါဘူတာပါ။ မြန်မာအစိုးရသံရုံးရှိတယ်(ပါတ်စပို့ကိစ္စ၊ အခွန်ကိစ္စအတွက်သွားကြတယ်၊ စာတိုက်ကနေလုပ်လည်းရပါတယ်။လူအများဆုံးသွားတဲ့ ရည်ရွယ်ချက်ကတော့ ဆန္ဒပြဘို့)။ ဂျပန်နိုင်ငံရဲ့ ပြည်ဝင်ခွင့်ကြီးကြပ်ရေးဌာနချုပ်ရှိတယ်(ဗီဇာကိစ္စတို့၊ အဖမ်းခံရလို့၊ အဖမ်းခံရတာသွားတွေ့ဘို့သွားကြရတယ်)




လာရတဲ့ အကြောင်းက mission တစ်ခုအတွက်ပေါ့။ ကျွန်မဖတ်နေကျ ဘလော့ဂ် တစ်ခုမှာ  ““မတရားမှုတခုမှာ “ ကြားနေ” တယ်ဆိုရင်
သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ် လိုက်တာနဲ့ အတူတူပါပဲ”တဲ့ ကျွန်မကဘက်ဘက်ကမှမပါသူလည်းမဟုတ်၊ ကြားနေသူလည်းမဟုတ်။
ရဲကားတွေ အများကြီး ဂျပန်မှာဒီလိုပဲ အဖွဲ့အစည်းနဲ့ လှုပ်ရှားမှုရှိရင် လုံခြုံရေးရှိတယ် နှိမ်နှင်းဖို့တော့ မဟုတ်ဘူး။ လှုပ်ရှားမှုနဲ့ ပွဲကျင်းပမယ်ဆိုရင် ဂျပန်ရဲကို ကြိုအကြောင်းကြားပြီးမှလုပ်တာလေ။ မသိတဲ့သူတွေက မြန်မာပွဲဆို ရဲတွေလာတယ်လို့ထင်ကြတယ်။ ဂျပန်နိုင်ငံမှာ က လုံခြုံရေးအတွက် နေရာအတော်များများမှာ ရဲက အရပ်ဝတ်နဲ့လည်းရှိတယ်၊ ၀တ်စုံနဲ့လည်းရှိတယ်။မြန်မာလူမျိုးတွေ ဆိုတဲ့ အရည်အတွက်ထဲမှာ တစ်ဦးတစ်ယောက်အဖြစ် လူဦးရည်တိုးဘို့  ရောက်အောင်သွားတယ်။ အရည်အတွက်လည်းပါစေရမယ် အရည်အချင်းလည်းသာစေရမယ်။

ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက် တိုးရင်းနဲ့ သံရုံးရှေ့ကို ရောက်သွားလိုက်၊ နေရာကျဉ်းသော်လည်း စည်းကမ်းနဲ့ဆိုတော့ ကိုယ်ဆန္ဒတွေအတိုင်း ၀င်ဆံ့လျှောက်သွားလို့ရပါတယ်။

ဆန္ဒကိုလွတ်လပ်စွာဖေါ်ထုတ်နိုင်တယ်။လွတ်လပ်စွာရေးသား၊ လွတ်လပ်စွာပြောကြား။ ဂျပန်နိုင်ငံမှာဒါတွေလုပ်လို့ရတယ်။
တိုင်းရင်းသားတွေလည်းစုံတယ်၊ ဓါတ်ပုံ အကုန်တော့ တင်လို့မရဘူးလေ။

 ညီညွတ်စွာနဲ့ စည်းရုံးကြတယ်၊ ဦးဆောင်မှုကိုကော စည်းရုံးမှုကိုကော ပေါင်းစပ်မှုကိုကော မိမိဆန္ဒနဲ့ ဆုံးဖြတ်လှုပ်ရှားနိုင်တယ်။


ဂျပန်မီးသတ်ဌာနရဲ့ အရေးပေါ်ကားလေ ဆန္ဒပြလို့ပင်ပမ်းပြီး မူးလည်းရင်တောင် ဆေးရုံပို့ပြီး ပြုစုပေးသေးတယ်။



ဒီလို ပလက်ဖေါင်းဘေးမှာ လမ်းအသွားအလာအတွက်လည်း ယဉ်ထိမ်းတွေကိုထားပေးထားတယ်။


ဒီကမ္ဘာမှာ ကောင်းကင်ကလည်းတစ်ခုတည်းပါပဲ။ မြေကြီးကလည်းတစ်ခုတည်းပါပဲ။ ဒီကောင်းကင်ကြီးအောက်က ဒီမြေကြီးပေါ်မှာ ရှင်သန်နေသမျှ မိမိရဲ့ ဆန္ဒနဲ့ ခံယူချက်တွေကို ဘယ်နေရာရောက်ရောက် မိမိကိုယ်တိုင်က အမြဲပိုင်ဆိုင်နေရဘို့ က အရေးကြီးဆုံးပါ။

ဆန္ဒနဲ့ ရည်ရွယ်ချက်တွေကိုတော့ အခုရေတွင်းတူး အခုရေကြည်သောက်ဘို့လည်း မမျှော်လင့်ပါဘူး။ အားလုံးဟာရေကန်အသင့် ကြာအသင့်ဆိုရင် လုံ့လ၊၀ီရိယ၊ ဇွဲ၊ သတ္တိ ဆိုတာတွေက သာမန်လူသားဘ၀မှာ ဘယ်ရှိနိုင်တော့မလဲနော်။

10 comments:

Shinlay said...

တင်ပြထားတဲ့ အမြင်လေးကို သဘောကျပါတယ်။

ခွန် said...

ခေါင်းစဉ်မြင်ကတည်းက ဘယ်လဲဆိုတာ သိသွားတယ် :)

Anonymous said...

ညီမ ကောင်းမွန်ဝင်း ရေ

ကြိုက်တာယူသုံးနော် ရတယ် ညီမ သွားခဲ့တာ ကိုဘဲ ကျေးဇူးတင်ပါတယ်


ချစ်တဲ့
အမရွှေစင်

Anonymous said...

(( ဆန္ဒနဲ့ ရည်ရွယ်ချက်တွေကိုတော့ အခုရေတွင်းတူး အခုရေကြည်သောက်ဘို့လည်း မမျှော်လင့်ပါဘူး။ အားလုံးဟာရေကန်အသင့် ကြာအသင့်ဆိုရင် လုံ့လ၊၀ီရိယ၊ ဇွဲ၊ သတ္တိ ဆိုတာတွေက သာမန်လူသားဘ၀မှာ ဘယ်ရှိနိုင်တော့မလဲနော်။))
ဒီစာသားလေးတွေကို သိပ်သဘောကျသွားတယ်..
မှန်ကန်သော လုပ်ရပ်အတွက် လေးစားပါတယ်..

လသာည said...

မနေ့ညနေက ဆိုဒ်တစ်ခုမှာ အဲဒီဗွီဒီယိုဖိုင်ကို ကြည့်လိုက်ရတယ်။ လူတော်တော်များတယ်နော်။
မမွန်သွားခဲ့တယ်ဆိုတာ သိထားတော့ ဗွီဒီယိုထဲမှာ မမွန်ကိုများတွေ့မလားလို့ ရှာသေးတယ် :)))

Anonymous said...

သွားခဲ့ဘူးတယ်.. အဲလိုသွားခဲ့ဘူးတဲ့အတွက် စစ်သားမယားတွေ ဆိုပီး လက်ညိုးငေါက်ငေါက်ထိုးပီး ပြောတာကို ခံခဲ့ရဘူးတယ်..
အဲဒီကစလို့... အရာအားလုံးကို လုံးဝစိတ်ကုန်ခဲ့တယ်။
နိုင်ငံ့အရေးမှလွဲလို့ ဘာမှ စိတ်မဝင်စားတော့ဘူး...။

Myatnoe

KNSL said...


အရေးအသားလေးကောင်းလိုက်တာ...လို့

Anonymous said...

မမွန်

ပြန်လာလို့ ကတော့ဟွန်း

လေဆိပ်ကနေကိုစောင့်နေမယ်.
သူပဲ.. သူပဲ ဆိုပြီးတော့

ကံကော်

ယောနက်သန် said...

သွားခဲ့တဲ့ အတွက် ကျေးဇူးတင် လေးစားပါတယ်။

ကိုအောင် said...

ဓါတ်ပုံတွေကြည့်သွားတယ်ဗျို့ အိမ်ရှင်တွေ
အိပ်နေကြလား ... :P