July 21, 2010

ဇူလိုင်လ ၁၉ရက်နေ့မှာ ရန်ကုန်ကပြန်ရောက်ပါတယ်

ဖေဖေနေကောင်းအောင်ဆုတောင်းပေးတဲ့ မိတ်ဆွေများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ကျွန်မအတွက်တကယ့်ကို အားဆေးတစ်ခွက်ပါပဲ။ ဖေဖေ ကတော့ ဆေးရုံကပြန်ဆင်းလာပြီး လူကြီးရောဂါဖြစ်တဲ့ အတွက်ကြောင့် သူစားချင်တာကျွေးပြီး သူစိတ်ချမ်းသာအောင်ထားရတဲ့ အခြေအနေပါ။ အိုမင်းနာမကျန်းဖြစ်နေတဲ့ အဖေ့ကိုထားခဲ့ရပြီး၊ အနီးကပ် မပြုစုနိုင်တဲ့အတွက် ကျွန်မစိတ်မကောင်းပါဘူး။ မြေးလေးကို ဂျပန်လိုနှုတ်ဆက်တဲ့ဖေဖေနဲ့ ၊ “ဖိုးဖိုး ချစ်တယ်”လို့ ပြုံးပြီးပြောတဲ့ ကျွန်မသားလေးကို ကြည့်ရတာ အကြည်နူးဆုံးပါ။ မိဘတွေဟာ သားသမီးတွေကို အချိန်တိုင်းသတိရနေပြီး အတူနေချင်ကြတာကို ပိုပြီးနားလည်သိခွင့်ရခဲ့ပါတယ်။ သူတို့ရဲ့ နောက်ဆုံးအချိန်တွေဆိုတာကို သိနေရတာကတော့ ............

9 comments:

ဧပရယ်လ်ပူး@ပူးတေ said...

မမပျောက်နေတာ ရန်ကုန်ပြန်သွားတာကိုး... မမအဖေ နေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်မမ

နေမကောင်းတဲ့မိဘကို ထားခဲ့ရမယ့် ခံစားချက်ကို ကိုယ်ချင်းစာပါတယ်မမရေ... ပူးတေတောင် ပြန်ခါနီးတိုင်း နေကောင်းနေတဲ့ အဖေအမေကို နှုတ်ဆက်ခဲ့ရတာ အရမ်းဝမ်းနည်းတတ်လို့လေ...
မိဘတွေရင်ထဲမှာလဲ ခံစားရမှာဆိုတာ သိနေပြန်တော့ ပိုဝမ်းနည်းတယ်နော်...

SHWE ZIN U said...

အင်း ညီမ ပျောက်နေပါတယ်လို့ ပြန်သွားတာကိုး

ညီမ ဖေဖေ နေကောင်းပါစေလို့ ဆုတောင်းမေတ္တာပို့ သပါတယ်နော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ယောနက်သန် said...

ပြည်တော်ပြန်နေတာကိုး။
အစ်မ ဖေဖေ နေကောင်းပါစေ။

သူကြီးမင်း (တုံးဖလား) said...

အော်..
ဒါကြောင့် အမကောင်းမွန် ပျောက်နေတာကိုး။
အမရဲ့အဖေ ကျန်းမာပကတိရှိလာနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
မြန်မာနှင့် ရာသီဥတုသိပ်မတူတော့ ကျန်းမာရေးဂရုစိုက်နော်။ ခရီးက ပြန်လာခါစဆိုတော့ အေးအေးဆေးဆေးအနားယူပေါ့။

ခင်မင်လျက်
ကိုကိမောင်(ပန်းရနံ့)

သဒ္ဓါလှိုင်း said...

ချစ်တဲ့အဖေနေကောင်းဖို့ဆုမွန်ကောင်းတောင်းပါတယ်.။
ဝေးနေတဲ့အချိန်မှာကျန်းမာရေးသာအဓိကပဲလေ.။
မိသားစုအားလုံးလည်းကျန်းမာပါစေနော်.

ခင်မင်စွာ
သဒ္ဓါ

khin oo may said...

သတိရနေတာ.မတွေ့တာကြာပြီဆိုပြီး

အဖေကျန်းမာပါစေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

မိသားစုနဲ့ဆုံတဲ့အချိန်တွေမှာ ပျော်ရွှင်စရာကောင်းပေမဲ့
ခွဲခွာချိန်တွေမှာတော့ အတော်လေး ခံစားရမယ်ဆိုတာ ကိုယ်ချင်းစာမိပါတယ်..
မမွန်အဖေ အမြန်နေကောင်းပါစေနော်..

လသာည said...

ဟိုကမိသားစုရော ၊ ဒီက မိသားစုရော ကျန်းမာပါစေ၊ အစစအဆင်ပြေပါစေနော်။

ရွှေပြည်သူ (ShwePyiThu) said...

အစ်မဖေဖေ ကျန်းမာပျော်ရွှင်စွာနဲ့ အသက်ရှည်ရှည် နေနိုင်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးမိပါတယ်။ ညီမ အဖေလည်း သိပ်နေမကောင်း ဖြစ်နေတာကြောင့် ကိုယ်ချင်းစာမိပါတယ်။ အစ်မရော မိသားစုပါ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေ...