April 18, 2011

မြန်မာနှစ်သစ်မင်္ဂလာ

မြန်မာနှစ်သစ် ၁၃၇၃ခုနှစ် ။
မြန်မာလို နှစ်သစ်တစ်နှစ်ကူးပြောင်းသွားတဲ့ မင်္ဂလာတစ်ခုကို မြန်မာပြည်ရဲ့ အဝေးကနေပဲ မှန်းဆဆင်နွှဲခဲ့ပါတယ်။




ခင်မင်သူမိတ်ဆွေများနဲ့ ဒီနေ့အိမ်မှာ ကျွန်မရဲ့မိသားစုလေးနဲ့ အတူ မြန်မာအစားအစာတွေစားရတာ ၀မ်းသာပီတိဖြစ်ရပါတယ်။


ရန်ကုန်က မိသားစုကို ဖုန်းဆက်ပြီး နှုတ်ဆက်ရတာကလည်း ခါတိုင်းနဲ့မတူပဲ တစ်ခုခု ပျော်နေရသလိုပါ။

ဒီမြန်မာနှစ်သစ်ကူး အခါသမယမှာ ကျွန်မနဲ့ ကျွန်မမိသားစုကို သတိရနေသူတွေကို ကျွန်မကလည်း တိုက်တိုက်ဆိုင်ဆိုင် သတိတရ ရှိနေပါတယ်။

သဗ္ဗေသတ္တာ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်း ငွေကြေးရဲ့ပြည့်စုံခြင်း နဲ့ ရှိကြပါစေလို့ ဆုတောင်း လိုက်ပါတယ်။

ဓါတ်ပုံကို အင်တာနက်ကနေကူးယူပါတယ်



10 comments:

သူကြီးမင်း (တုံးဖလား) said...

မိသားစု မြန်မာ့ထမင်း လက်ဆုံစားရတာက ဈေးကြီးကြီး ဟော်တယ်စာ စားရတာထက် ပိုပြီး ချိုမြိန် အရသာ ရှိမှာ သေချာပါတယ်။
နှစ်သစ်မှာ စိတ်သစ်နှင့် မိသားစုလေး အစစအရာ အဆင်ပြေ ပျော်ရွှင်ပါစေ အမ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

PhyoPhyo said...

မင်္ဂလာနှစ်သစ်ပါ။
ပျော်ရွှင်ချမ်းမြေ့ပါစေ။

Shinlay said...

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့နှစ်သစ်ဖြစ်ပါစေ.....

ရွှေပြည်သူ (ShwePyiThu) said...

နွေးထွေးတဲ့ နှစ်သစ်မိတ်ဆုံစားပွဲလေးက ကြည်နူးစရာ ဖြစ်မှာပါ အစ်မ ကောင်းမွန်ဝင်းရေ...

နှစ်သစ်မှာ ပျော်ရွှင် အောင်မြင် ငြိမ်းချမ်းခြင်း အသစ်တွေကို ပိုင်ဆိုင်နိုင်ပါစေ...

ဆုမွန်ကောင်းများစွာနဲ့
ရွှေပြည်သူ

Anonymous said...

မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ပါစေ။

ပေါက်

ညီလင်းသစ် said...

လတ်တလော ကြုံခဲ့ရတဲ့ သောကအမောတွေ အမြန်ဆုံး ပြေပျောက်ပြီး ပျော်ရွှင်၊ ကြည်နူး၊ အေးချမ်းသော နှစ်သစ် ဖြစ်ပါစေလို့ ဆုတောင်းပါတယ် မ,ကောင်းမွန်ဝင်းရေ....။

ကျော်နှင်းဆီလွင် said...

မမွန်ရေ
ごちそうさまでした。
とっても美味しかったです。
မမွန်တို့မိသားစုလည်းနှစ်သစ်နှင့်အတူ
ထာဝစဉ်ကျန်းမာချမ်းသာပျော်ရွှင်ပါစေလို့

Anonymous said...

မင်္ဂလာနှစ်သစ်ပါ ညီမရေ ဒါနဲ့ စားစရာ ပုံလေး တွေ ဘာလို့ မတင်လည်းဟင်

ခင်မင်စွာဖြင့်
အမရွှေစင်

ကောင်းမွန်ဝင်း said...

အစ်မရွှေစင်ပြောသလို အားလုံးကလည်း အဲလိုပဲပြောချင်ကြမှာပါ။
“အဖြစ်ကတော့ မနှစ်ကနဲ့ မတူဘူး” ဆိုသလို။
အားလုံးစားပြီးမှ အစားအသောက်တွေဓါတ်ပုံရိုက်ဘို့ သတိရပါတယ်။
အုန်းနို့ခေါက်ဆွဲ။မန္တလေးပဲကြော်။ ရေနွေးကြမ်း။ ကိတ်မုန့်။ တို့ဖူးကြော်။ သစ်သီးနဲ့ မုန့်လေးပဲလေး တို့ပါ။
ကောင်းမွန်ဝင်း

Anonymous said...

Wishing you and your family all the best through out the year.
Gyidaw