November 27, 2010

နောက်တစ်လဆို ၂၀၁၀ရဲ့ ခရစ်စမတ်

နှစ်တစ်နှစ်ကုန်ခါနီးလာပြီ။
မြို့ထဲမှာ ခရစ်စမတ်မီးရောင်တွေနဲ့ ဈေးဆိုင်တွေကလည်း နှင်းခဲအရုပ်၊ သမင်လေးတွေနဲ့ လှည်းလေးတွေဆင်ပြီး၊ ခရစ်စမတ်ဖိုးဖိုးတို့ကလည်း အပြုံးတွေနဲ့ ကြိုဆိုနေကြတယ်။ 
ကုန်လွန်ခဲ့တဲ့ တစ်နှစ်နီးပါးအချိန်တွေရယ်၊ နှစ်ကုန်ခါနီးလက်ကျန်အချိန်လေးတွေမှာ ဒီတစ်နှစ်အတွက် ဘ၀ရဲ့ အမှတ်တရတွေကို သတိရပြီး နောက်လာမယ့်နှစ်အတွက် ပြင်ဆင်မှုတွနဲ့ပေါ့။...
ရော့ပွန်းဂိ ဟေးလ်စ် မှ မြင်ရတဲ့ တိုကျိုတာဝါ

November 23, 2010

၁၀နှစ်တောင်ကြာခဲ့တယ်


ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ (နိုဝင်ဘာ၂၃ရက်)မနက်မှာ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာတဲ့ အင်္ဂလန်နိုင်ငံမှာနေထိုင်သူသားငယ် ကင်မ် အယ်လစ်စ် (၃၃နှစ်) နဲ့ ၁၀ကြာကွဲကွာနေရာက ပြန်လည်တွေ့ဆုံနိုင်ခဲ့ပါပြီ။ 
ဓါတ်ပုံ AP

November 16, 2010

ရှေ့ကို ဘယ်လိုလုပ်မလဲ

(၀ါရှင်တန်သတင်း) အမေရိကန်အစိုးရရုံး ရဲ့ လက်ထောက်အတွင်းရေးမှုး (သတင်းထုတ်ပြန်ရေးတာဝန်ခံ) ဖီးလစ် ခရိုးလီ က ၁၅ရက်နေ့မှာပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲမှာ အမေရိကန်အစိုးရအနေနဲ့ ရှေ့လာမယ့် ရက်သတ္တပါတ်များမှာ မြန်မာစစ်အစိုးရ နဲ့ တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ဘို့ ပေါ်လစီချမှတ်ထားပါတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

November 14, 2010

မတွေ့ရတာကြာပြီ

ဓါတ်ပုံ APသတင်းဌာန

ဂျပန်နိုင်ငံသတင်းဌာန နိဟွန်းတယ်ရယ်ဗီ သတင်းဗီဒီယိုစာမျက်နှာ
ဂျပန်စံတော်ချိန် နိုဝင်ဘာလ ၁၃ရက်(စနေနေ့)၂၃း၅၈ ထုတ်လွှင့်မှု
http://headlines.yahoo.co.jp/videonews/nnn?a=20101113-00000044-nnn-int

ဂျပန်နိုင်ငံ TBSသတင်းဌာန သတင်းဗွီဒီယိုစာမျက်နှာ
ဂျပန်စံတော်ချိန် နိုဝင်ဘာလ ၁၄ရက်(တနင်္ဂနွေနေ့)၀၀း၀၂ ထုတ်လွှင့်မှု

http://headlines.yahoo.co.jp/videonews/jnn?a=20101114-00000001-jnn-int

November 13, 2010

တကယ်ပဲ ဒီနေ့လွတ်မြောက်ခဲ့တယ် ဆိုရင်တော့


မြန်မာစစ်အစိုးရနဲ့ နီးစပ်သူများက  ဒီနေ့ ၁၃ရက်နေ့ ညနေ၆နာရီလောက် (ဂျပန်စံတော်ချိန် ည၈နာရီခွဲ ) လောက်မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်(၆၅)နှစ် ဟာ၊ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပါမယ်လို့ ယော်မိအုရိ သတင်းဌာနကိုပြောကြားခဲ့ပါတယ်။ 

တကယ်ပဲ ဒီနေ့လွတ်မြောက်ခဲ့တယ်ဆိုရင်တော့ ဒီလွတ်မြောက်မှုဟာ ၂၀၀၃ခုနှစ်မေလမှာချုပ်နှောင်ခံရပြီး ၇နှစ်ခွဲနီးပါးကြာခဲ့ရာကနေ လွတ်မြောက်မှုလို့ပြောရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့နဲ့ ပတ်သက်သူများကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်လာပြီးရင် NLD ဗဟိုအလုပ်အမှုဆောင်ခေါင်းဆောင်အချို့နဲ့ ရှေ့ဆက်လုပ်မယ့် အစီအစဉ်များအတွက် ဆွေးနွေးညှိနှိုင်းပြီး၊ ၇ရက်နေ့မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အကြောင်းကိုပြန်လည်ကြားယူမယ်လို့သိရပါတယ်။ အဲဒီနောက်မှာသတင်းစာရှင်းလင်းပွဲလုပ်ဘို့ အစီအစဉ်ရှိပါတယ်။
(၂၀၁၀၊နိုဝင်ဘာလ၊၁၃ရက်၊ဂျပန်စံတော်ချိန်၁၅း၅၂။ယော်မိအုရိရှင်းဘွန်း)
ကိုးကား
http://www.yomiuri.co.jp/world/news/20101113-OYT1T00531.htm?from=navr
ဓါတ်ပုံကို အင်တာနက်က ကူးယူပါတယ်။

November 7, 2010

ကျွန်မကတော့ သွားခဲ့ပါတယ်

၂၀၁၀၊နိုဝင်ဘာလ၊၇ရက်နေ့
ဂျပန်နိုင်ငံအနယ်နယ်အရပ်ရပ်က မြန်မာတွေ ဒီဘူတာကိုလာကြတယ်။ ဒီဘူတာက ရှီနာဂါဝါဘူတာပါ။ မြန်မာအစိုးရသံရုံးရှိတယ်(ပါတ်စပို့ကိစ္စ၊ အခွန်ကိစ္စအတွက်သွားကြတယ်၊ စာတိုက်ကနေလုပ်လည်းရပါတယ်။လူအများဆုံးသွားတဲ့ ရည်ရွယ်ချက်ကတော့ ဆန္ဒပြဘို့)။ ဂျပန်နိုင်ငံရဲ့ ပြည်ဝင်ခွင့်ကြီးကြပ်ရေးဌာနချုပ်ရှိတယ်(ဗီဇာကိစ္စတို့၊ အဖမ်းခံရလို့၊ အဖမ်းခံရတာသွားတွေ့ဘို့သွားကြရတယ်)


November 6, 2010

အပေါ်ကပျော့၊ အောက်က ကြွပ်၊ အထဲက အချိုရည်အပြည့်


နိုင်ငံတစ်နိုင်ငံရဲ့ လူမှုပတ်ဝန်းကျင်မှာ ဓလေ့ထုံးစံ တစ်ခု သာမန်ဖြစ်ရိုးဖြစ်စဉ်အဖြစ် ၀င်ရောက်အသားကျလာတဲ့ တိုင်းတပါးရဲ့ မူလသဘာဝအလေ့အထ သတ်မှတ်မှုတွေကို အဲဒီနိုင်ငံရဲ့ subculture အထောက်အကူယဉ်ကျေးမှု (ဒီမြန်မာပြန်က ကျွန်မစိတ်ကြိုက်သုံးထားတာပါ ) လို့ပြောဆိုကြပါတယ်။

ဂျပန်မှာ၊ အဲ တိုကျိုမှာလို့ပြောရမလားပဲ။ အချို့သော အိန္ဒိယ အစားအစာဆိုင်တွေ၊ ထိုင်းအစားအစာ။ တူရကီအစားအစာ၊ အီတလီအစားအစာ စသည်ဖြင့်ပေါ့လေ အခြားတိုင်းတပါးကဆိုင်တွေ ဟာရောင်းကောင်းကြပြီး ဂျပန်လူမျိုးတွေကလည်း တိုင်းတပါးအစားအသောက်တွေကို ခုံခုံမင်မင် စားသောက်ကြတာကို တွေ့ရပါတယ်။ 
မိုးရွာထဲမှာလည်း စောင့်ဝယ်ကြတာပဲ

October 24, 2010

၂၀၁၀၊တိုကျို၊ကထိန်၊အလှူ

ဒီနေ့တနင်္ဂနွေ၊ တိုကျိုမြန်မာဘုန်းကြီးကျောင်းကို ကထိန်သင်္ဃန်းကပ်ဘို့ရောက်ခဲ့ပါတယ်။ တိုကျိုမြို့မှာ သီတင်းသုံးတဲ့ ဆရာတော်များ၊ နယ်ကကြွလာတဲ့ နဂိုယာဆရာတော်၊ ကျူးရှူးကကြွလာတဲ့ ဆရာတော်၂ပါး တို့နဲ့အတူ ဆရာတော်၆ပါးကို ဖူးရလို့ စိတ်ကျေနပ်မိပါတယ်။

October 19, 2010

ဝဥ


ကျွန်မတို့မြန်မာနိုင်ငံမှာ ခက်ခက်ခက်ခဲ မစိုက်ပျိုးရပဲ၊ နိုင်ငံခြားဝင်ငွေရှာပေးနေတယ်ဆိုတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို အခြားနိုင်ငံများမှာ လူကြိုက်များတဲ့ အစားအစာအဖြစ်၊ မရှိမဖြစ်တဲ့ အစားအစာအဖြစ်စားသုံးနေကြတဲ့ ပစ္စည်းတွေဟာ နိုင်ငံခြားဝင်ငွေရရှိနိုင်တယ်ဆိုတာကို မြန်မာနိုင်ငံသားတွေသိတဲ့အတွက် စီးပွါးရေးအမြင်ကျယ်တာမှန်ပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာက ဘာကြောင့် ဒီပစ္စည်းတွေကို နိုင်ငံခြားက၀ယ်လိုအားကောင်းနေရသလဲဆိုတာရယ်၊ ဒီပစ္စည်းတွေကို မြန်မာနိုင်ငံသားများ ယခုထက်ပို၍စားသုံးသင့်တယ်ဆိုတာကို မြန်မာနိုင်ငံသားတွေ ပိုသိအောင်၊ စားစေချင်လာအောင် လုပ်ပေးဘို့လည်းလိုအပ်တယ်လို့မထင်ဘူးလားရှင်။ 
ဝဥ ကနေ ချက်ပြုတ်စားသောက်ဘို့ ပြုလုပ်ပြီးသားရောင်းတဲ့ အခါ ဒီလိုပုံပါ


October 17, 2010

မှန်

တရုတ်နိုင်ငံရဲ့ ဂျပန်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဂျပန်နိုင်ငံရောက်ပြီးမှ ဒုတိယအကြိမ် တွေ့ကြုံရပြန်ပါပြီ။ အခုတစ်ကြိမ်မှာတော့ ကျွန်မက အလုပ်လုပ်နေတဲ့ ပတ်ဝန်းကျင်ဖြစ်လို့ ပထမအကြိမ်လောက်တော့ တိုက်ရိုက်ခံစားတွေ့ကြုံရတာမရှိပါဘူး။ ဟုတ်ပါတယ် ပထမအကြိမ်ကတော့ ကိုယ်တိုင်တွေ့ကြုံ ခဲ့ရတာလေးနည်းနည်းပါးပါး ရှိခဲ့ပါတယ်။ ပထမအကြိမ်တွေ့ကြုံခဲ့ဘူးတာကတော့ ၂၀၀၅ခုနှစ်မှာပါ။ အဲဒီတုန်းက နာဂိုယာတက္ကသိုလ်မှာ ကျောင်းတက်နေချိန်ပေါ့။

October 12, 2010

လွမ်းတဲ့ မုန့်တွေ

ကလေးဘ၀ မှာစားခဲ့တဲ့ မုန့်တွေကို သတိရတတ်ကြမယ်ထင်ပါရဲ့။
ကျွန်မကတော့ လသာ၂ကျောင်းမှာကျောင်းတက်တုန်းက ကျောင်းထဲကမုန့်ဈေးတန်းတွေက မုန့်တွေအပြင် ကျောင်းပြင်ကျောင်းပေါက်ဝမှာရောင်းတဲ့ မုန့်တွေကို သတိရတတ်ပါတယ်။အခု ဒီဂျပန်မှာအဲဒီမုန့်တွေကို ပိုသတိရစေတဲ့ မုန့်တွေကိုတွေ့တဲ့အခါမှာဆို  အနားမှရှိတဲ့သူကို အဲဒီမုန့်တွေအကြောင်းကို လွမ်းလွမ်းဆွတ်ဆွတ်ပြောလေ့ရှိပါတယ်။ အဲလိုပြောရာကနေ စာနဲ့ပါရေးချင်လာတာနဲ့ ဒီပို့စ်လေးကိုရေးလိုက်တာပါ။
ကပ်စေးနဲ

October 9, 2010

မြန်မာလိုလည်း နံမည်ကြီးတဲ့ ဂျပန်သီချင်း


ဂျပန်နိုင်ငံမှာနံမည်ကြီးတဲ့ ဒီသီချင်းလေးကို မြန်မာနိုင်ငံမှာလည်း လူငယ်တွေလူကြိုက်များကြပါတယ်။ နားထောင်လို့ရရင်နားထောင်ကြည့်ပါနော်။ဘယ်သီချင်းမှန်းချက်ချင်းသိပါလိမ့်မယ်။ ဒီသီချင်းလေးကိုဆိုသူက
၁၉၉၅ခုနှစ်ကနေ ဒီနေ့လက်ရှိအချိန်အထိ ထွက်တဲ့ သီချင်းတိုင်းဟာ လူကြိုက်အများဆုံးနဲ့ အရောင်းရဆုံးစာရင်း နံပါတ် ၁ကနေ၃အတွင်းချိတ်ရတဲ့ အမျိုးသမီးအဆိုတော် စာရင်းမှာ အမြဲထိပ်ဆုံးကနေရာယူထားသူ။  ကိန်း၊ဂဏန်းသက်သေများ နဲ့သာမဟုတ်ပဲ၊“ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဖက်ရှင်၊ ခေတ်ကိုကိုယ်စားပြုတဲ့ ဂျပန်စကားဝေါဟာရသစ်များကိုလည်း ပေါ်ပေါက်စေနိုင်သူ” “ဂျပန်နိုင်ငံလူမှုဘ၀ရဲ့ သင်္ကေတ” လို့ သတ်မှတ်ခံရသူ တစ်ဦးလည်းဖြစ်ပါတယ်။ 

October 5, 2010

စကား နဲ့ ကစား မယ်

ဘယ်ဘာသာစကားမှာမဆို စကားလုံးတွေကို အသုံးပြုပြီး အကြောင်းအရာတွေကို မှတ်သားနည်းရှိသလို စကားလုံးတွေကိုလည်း ကစားနိုင်ပါတယ်။
ပျော်စရာလည်းဖြစ်သလို မှတ်သားစရာလည်းဖြစ်တဲ့ ဘာသာစကားတွေကို မှတ်ရလွယ်စေတဲ့ ဥာဏ်ကွန့်မြူးမှု တွေနဲ့ပတ်သက်ပြီး ကျွန်မစိတ်ဝင်စားတဲ့ အကြောင်းအရာလေးတစ်ခု ကို မိတ်ဆက်တင်ပြပါရစေ။ အင်္ဂလိပ်လိုကတော့  mnemonic device ၊ဒီနေရာမှာ အသံထွက်ကို နီမောနစ် လို့ထွက်တာလည်း တစ်မျိုးစိတ်ဝင်စားစရာပါပဲနော်။

because ဆိုတဲ့ စာလုံးပေါင်းကို မမေ့အောင်မှတ်တဲ့ spelling mnemonic


October 1, 2010

အပေါ်စီးက


ရန်ကုန်ကို သတိရပြီး ဇူလိုင်လမှာသွားခဲ့တုန်းက ရိုက်လာတဲ့ ဓါတ်ပုံတချို့ကို  ပို့စ်တင်လိုက်ပါတယ်။

အဝေးကဖူးမြင်ရတဲ့ ရွှေတိဂုံ ဘုရား

September 28, 2010

“Say no to racism ”

လူမျိုးဘာသာခွဲခြားမှုဆန့်ကျင်ရေးနဲ့ စစ်ဆန့်ကျင်ရေး အဖြစ် နံမည်ကြီးလူကြိုက်များတဲ့ သီချင်းတွေထဲက သီချင်းတစ်ပုဒ်ကို အခုတလော ကျွန်မသိပ်သတိရနေမိတယ်။ သီချင်းစာသားကိုတွေ့ရင် သံဇဉ်ကိုကြားယောင်မိသလို၊ သံဇဉ်ကိုကြားလိုက်တာနဲ့ စာသားအဓိပ္ပါယ် ကို ခံစားနားလည်စေတဲ့ အထိ တစ်ကမ္ဘာလုံးက လူတွေကို ဖမ်းစားနိုင်တဲ့ ဒီသီချင်းကို မကြိုက်တဲ့ သူတွေလည်းရှိမှာပါပဲ။ တချိန်တခါမှာတော့ အပြစ်မဲ့သူတွေကို လေယဉ်ပျံကြီးနဲ့ တိုက်သတ်တဲ့သူတစ်စုကို  မှတ်လောက်သားလောက်အောင် သင်္ခန်းစာပေးစစ်တိုက်ဘို့ဆိုပြီးဆုံးဖြတ်လိုက်တဲ့ နိုင်ငံကြီးတစ်နိုင်ငံဟာ ဒီသီချင်းအပါအ၀င် ငြိမ်းချမ်းရေးသီချင်း အချို့ကို ထုတ်လွှင့်မှု ရပ်ဆိုင်းလိုက်ဘူးပါတယ်။ သီချင်းရဲ့ စာသားဖြစ်တဲ့မူလကဗျာကို ဒုတိယဇနီးသည်၊ အရှေ့တိုင်းသူ က ငယ်ရွယ်စဉ်မှာ ရေးစပ်ခဲ့ပြီး၊ လုပ်ကြံခံရပြီး သေဆုံးသွားသူ၊ ခင်ပွန်းသည် အနောက်နိုင်ငံသားက ပြန်လည်သီကုံးစပ်ဆိုခဲ့တာပါ။ ဘာသီချင်းလဲဆိုတာ သိသွားပြီပေါ့နော်။
ဒီဆောင်ပုဒ်လေးကိုလည်းမှတ်မိမယ်လို့ထင်ပါတယ်

September 26, 2010

တိုကျို၊ မြန်မာသီတင်းကျွတ်ပွဲ

တိုကျိုမြို့က မြန်မာသီတင်းကျွတ်ပွဲကို သွားခဲ့ပါတယ်။ နံမည်ကျော် “မင်္ဂလာဒိုးအဖွဲ့”ရဲ့ မင်္ဂလာရှိတဲ့ မြန်မာသီချင်းများကိုနားထောင်ရတာ ကြည်နူးစရာပါပဲ။ ဈေးဆိုင်တွေနဲ့ ၊ ပွဲလာတဲ့သူက သင်္ကြန်ပွဲလောက် မများလှပေမယ့်  ပွဲစည်ပါတယ်။ပွဲလာချင်ပေမယ့်  တနင်္ဂနွေလိုနေ့မျိုးမှာ အလုပ်လုပ်ရသူတွေ၊ ခွင့်မရသူတွေ၊ အခြားကိစ္စရှိသူတွေ မလာနိုင်လို့ လူနည်းရတဲ့အပြင်၊ မြန်မာသီတင်းကျွတ်ပွဲတို့ မြန်မာသင်္ကြန်ပွဲတို့ကို မြန်မာအစိုးရကလွှတ်လို့ ဂျပန်ရောက်နေကြတဲ့သူ အများစုကလည်း မလာကြပါဘူး။ အခြားနိုင်ငံတွေရဲ့ ပွဲတွေလို ကိုယ့်ရဲ့ နိုင်ငံတော်မြန်မာသံရုံးကကြီးမှုး ကျင်းပတဲ့ ပွဲမဟုတ်တာကြောင့်လည်း အခုမြင်ရတဲ့ အတိုင်းလူနည်းတာပေါ့နော်။


နှုတ်ခွန်းဆက်သီချင်း

September 23, 2010

လျောက်လည်ရသည့် အကြောင်းရင်း

 “ယော်ယောဂိ”ပန်းခြံမှာကျင်းပတဲ့ ဗီယက်နမ် ပွဲတော်ကိုသွားခဲ့ပါတယ်။ဒီပန်းခြံမှာ ကျင်းပလေ့ရှိတဲ့ ထိုင်းပွဲတော်ကိုလည်း သွားဖြစ်တာ၂နှစ်ရှိပါပြီ။  ဗီယက်နမ်ပွဲတော်ကိုတော့ ဒီတစ်ကြိမ်ကပထမဦးဆုံးပါ။
ယော်ယောဂိပန်းခြံ နဲ့ ဟာရာ့ဂျုကုကိုသွားရတာ ကျွန်မအတွက်တော့ လွတ်လပ်မှုနဲ့ အတူ၊ တည်ငြိမ်တဲ့ စိတ်ခံစားမှုကို ပုံစံတစ်မျိုးနဲ့  ရရှိပါတယ်။ ကျွန်မကိုယ်တိုင်လွတ်လွတ်လပ်လပ်ဘာမှမလုပ်ပေမယ့် ၊ ဒီလောက်ရှုတ်ထွေးစည်ကားတဲ့ နေရာမှာ ဘာကြောင့်များတည်ငြိမ်တဲ့ စိတ်ခံစားမှုကိုရရှိလည်းဆိုတာ ဟာရာ့ဂျုကု နဲ့ ယော်ယောဂိ ကို ရောက်ဘူးသူတွေကအံ့သြမှာပေါ့။ မရောက်ဘူးသူတွေကလည်း ဘယ်လိုနေရာမျိုးပါလိမ့်လို့ထင်ပါလိမ့်မယ်။
ယော်ယောဂိ ပန်းခြံ


September 17, 2010

ခြေထောက်အနွေးထည်





လက်ဂ် ၀မ်မာစ် (Leg warmers)
ဆိုတာကတော့ကျွန်မ မကြာခဏ၀တ်ဆင်လေ့ရှိတဲ့
ခြေထောက်အနွေးထည်တွေပါ။ အရင်ကျောင်းတက်တုန်းကတော့ မ၀တ်ဖြစ်ခဲ့ပါဘူး။ ရုံးမှာအလုပ်လုပ်ရတော့ နွေရာသီဆိုရင် တောက်လျှောက်အအေးခန်းထဲမှာ တစ်နေကုန်ထိုင်ရသလို အေးတဲ့ရာသီဆို အနွေးဓါတ်ပေးထားတဲ့ အခန်းထဲနေလည်း ဒူးပေါ်ကနေ အောက်ပိုင်းကို စောင်ပိုင်းခြုံထားလည်း ခြေထောက်တွေက ချမ်းတတ်လို့ သူ့ကိုဝတ်ဆင်ဖြစ်တာများပါတယ်။ရာသီ၎ခုစလုံးမှာ
တော်တော်လေး ၀တ်ဆင်ဖြစ်ပါတယ်။

September 10, 2010

ကျွန်မကြိုက်သော “အမြည်း” များ

“ချဉ်ချဉ်တူးတူး မူးပြီးရော” တဲ့ ။ ယမကာသုံးဆောင်သူများအတွက် အမြည်းရယ်လို့သေချာမရှိရင် သံပုရာသီးစိပ်ကလေးလည်း အမြည်းပဲဆိုပြီးစားကြတာကို ပြောကြတာထင်ပါရဲ့။ တကယ်ကတော့ အမြည်း ဆိုတာ ယမကာသုံးဆောင်ရာမှာ သူပါမှ ပိုပြီး ယမကာသောက်တဲ့ အထမြောက်မယ့် စွမ်းဆောင်ရည်ရှိပါတယ်။ 

ဒီဂျပန်မှာတော့ “ အီဇာ့ကာ့ရာ့ ”လို့ခေါ်တဲ့ (တိုက်ရိုက်ဘာသာပြန်ရင် အရက်ဆိုင် )ဆိုင်တွေဟာ အခုခေတ်မှာ ရိုးရိုးသာမန်သူတွေဝင်ထွက်စားသောက်တဲ့ ဆိုင်တွေဖြစ်လာပါပြီ။ ဒီဆိုင်တွေကို ဘာလို့ အရက်ဆိုင်လို့သီးသန့်ရှိခဲ့ရာကနေ မိသားစုလိုက် ၊ သူငယ်ချင်းမိတ်ဆွေများစုဝေးစားသောက်ရာ သာမန်စားသောက်ဆိုင်တွေအဖြစ်ပြောင်းသွားရတာလဲဆိုတာကို စမ်းစစ်ကြည့်ရင်။ အရက်နဲ့ တွဲသောက်တဲ့ အမြည်းတွေကြောင့်ပါ။ တချို့ အမြည်းတွေဟာ ဟင်းတွေဖြစ်သလို၊ ကလေးနဲ့ အမျိုးသမီးများ ၊ အရက်မသောက်သူများအတွက်လည်း အလွန်ကို ကောင်းတဲ့ စွဲဆောင်မှုရှိလို့ပါပဲ။

August 24, 2010

“ပုပ်စပြုတဲ့ မိန်းမနဲ့ လူပျိုသိုး ”

ပုပ်တယ်၊သိုးတယ်၊ နံစော်တယ် ဆိုတာက အပေါ်ယံစကားလုံးအနေနဲ့ ကြားရတာလုံးဝအဆင်မပြေပါဘူး။
မြန်မာစကားမှာတော့ “လူပျိုသိုး”လို့ သုံးကြတယ်။ “အပျိုသိုး”လို့တော့ သိပ်မကြားဘူးပါဘူး။
ဂျပန်စကားကတော့ “အသီးအနှံ နဲ့ မိန်းမ ဆိုရင် နည်းနည်းပုပ်စပြုတဲ့ အချိန်က အရသာအရှိဆုံး” တဲ့။
ဒီစကားကို တချို့အသားကြိုက်သူတွေကလည်း “အသား နဲ့ မိန်းမ ဆိုတာ ပုပ်ကာနီးက အကောင်းဆုံး” တဲ့။