မြန်မာနိုင်ငံကထွက်လာပြီးနောက်ပိုင်း၊ မြန်မာလိုစာရေးရဘို့နဲ့ စကားပြောရဘို့ အခြေအနေသိပ်မရှိပါဘူး။ ဒါကြောင့်စာရေးချင်လာပါတယ်။နောက်ပြီး စကားပြောရတာ ၀ါသနာပါတာကြောင့် ဒီဘလော့ဂ်ကို စရေးဖြစ်ခဲ့ပါတယ်။
Showing posts with label ရေးမိရေးရာတွေးမိတွေးရာ. Show all posts
Showing posts with label ရေးမိရေးရာတွေးမိတွေးရာ. Show all posts
July 9, 2011
April 18, 2011
မြန်မာနှစ်သစ်မင်္ဂလာ
မြန်မာနှစ်သစ် ၁၃၇၃ခုနှစ် ။
မြန်မာလို နှစ်သစ်တစ်နှစ်ကူးပြောင်းသွားတဲ့ မင်္ဂလာတစ်ခုကို မြန်မာပြည်ရဲ့ အဝေးကနေပဲ မှန်းဆဆင်နွှဲခဲ့ပါတယ်။
မြန်မာလို နှစ်သစ်တစ်နှစ်ကူးပြောင်းသွားတဲ့ မင်္ဂလာတစ်ခုကို မြန်မာပြည်ရဲ့ အဝေးကနေပဲ မှန်းဆဆင်နွှဲခဲ့ပါတယ်။
April 12, 2011
ခြာလည်မူး ချယ်ရီ၊ ရွှေရည်လူး ပိတောက်
တချိန်လုံးနီးပါးငလျင်လှုပ်တော့ လူကမူးပြီးယိုင်နေသလိုပါပဲ။
မနေ့က ၄လပိုင်း၁၁ရက်နေ့ ၊ ဟီဂါ့ရှိနိဟွန်း ဒိုင်းရှင်းဆိုင်း ဆိုတဲ့ ငလျင်နဲ့ ဆူနာမီဘေးကျခဲ့တဲ့ ၃လပိုင်း၁၁ရက်နေ့ကနေ တစ်လပြည့်ခဲ့ပါပြီ။
March 18, 2011
ကျွန်မတို့အိမ် မီးပြန်လာပါပြီ
ဂျပန်မှာ နေတာ ပထမဆုံးမီးပျက်တဲ့ အတွေ့အကြုံပါပဲ။
မှောင်သွားလိုက်တာ မဲ ဆိုသလိုပေါ့။
ကိုယ်ကတော့ မီးပျက်တဲ့နိုင်ငံကလာတာပဲလေ။
အိမ်ထဲမှာလည်းဖြစ်တော့ ဘာမှမထိခိုက်ပါဘူး။
မှောင်သွားလိုက်တာ မဲ ဆိုသလိုပေါ့။
ကိုယ်ကတော့ မီးပျက်တဲ့နိုင်ငံကလာတာပဲလေ။
အိမ်ထဲမှာလည်းဖြစ်တော့ ဘာမှမထိခိုက်ပါဘူး။
![]() |
| မီးပျက်တဲ့ည |
March 11, 2011
လှုပ်ပြန်ပြီ
ဒုတိယအကြိမ် အရမ်းပါပဲ။
စိတ်ပူလိုက်တာ။
ဘယ်ကိုမှ ဆက်သွယ်လို့မရဘူး။
ရုံးခန်းထဲတော့ပြန်ရောက်ပါတယ်။
ရထားတွေမှ မသွားတော့ ဘယ်လိုလုပ်အိမ်ပြန်မလဲ။
ဒီလောက်ကြောက်စရာကောင်းအောင် လှုပ်တာ ပထမဆုံးပါပဲ။
စိတ်ပူလိုက်တာ။
ဘယ်ကိုမှ ဆက်သွယ်လို့မရဘူး။
ရုံးခန်းထဲတော့ပြန်ရောက်ပါတယ်။
ရထားတွေမှ မသွားတော့ ဘယ်လိုလုပ်အိမ်ပြန်မလဲ။
ဒီလောက်ကြောက်စရာကောင်းအောင် လှုပ်တာ ပထမဆုံးပါပဲ။
ငလျင်
ကြောက်စရာကောင်းတဲ့ ငလျင်လှုပ်သွားခဲ့တယ်။
ဒီ ၈နှစ်အတွင်း အရမ်းပြင်းတဲ့ ငလျင်ပါပဲ။
လက်ကိုင်ဖုန်းကော လိုင်းဖုန်းကော အားလုံးပြတ်သွားပြီ။
ဒီ ၈နှစ်အတွင်း အရမ်းပြင်းတဲ့ ငလျင်ပါပဲ။
လက်ကိုင်ဖုန်းကော လိုင်းဖုန်းကော အားလုံးပြတ်သွားပြီ။
February 11, 2011
တစ်ခါက နှင်း ၊ ဒီနေ့လည်း နှင်း
ဒီနေ့ နှင်း
ဂျပန်နိုင်ငံအနှံ့အပြားလိုလိုမှာ နှင်းတွေကျပါတယ်။ တိုကျိုဘက်မှာတော့ ဒီဆောင်းမှာ သေချာစကျတဲ့ နှင်းလို့ပြောရမှာပေါ့။ အစပိုင်းတော့ ရေများတဲ့ နှင်းမိုးတွေပါ။ တဖြည်းဖြည်းနဲ့ ရေပါတာနည်းတဲ့ နှင်းတွေဖြစ်လာပြီး နှင်းပွင့်လေးတွေလည်း ပေါ့ပါးလွင့်ဝိုက်ပြီး အကျများလာပါတယ်။ ဒီနှင်းတွေကို ပထမဆုံးမြင်ဘူးခဲ့တဲ့ အချိန်ကိုလည်း သတိမိပါသေးတယ်။
![]() | |||
| ဒီတက္ကသိုလ်မှာကျောင်းသူဘ၀နဲ့ နှင်းကို စမြင်ဘူးခဲ့ရတယ် |
February 5, 2011
♪မလှဘူးပြောရင် စိတ်ဆိုးတယ်၊မချစ်ဘူးပြောတာ တကယ်လားကွယ်....♪
ဒီစနေတနင်္ဂနွေမှာ ကျွန်မနည်းနည်းတော့ ၀မ်းနည်းသလိုဖြစ်မိတယ်။သံယောဇဉ်ရှိသူတစ်ယောက်နဲ့
ကွဲကွာရတဲ့အခါ ရင်ထဲမှာ ဟာတာတာဖြစ်နေသလိုခံစားမှုမျိုးခံစားဘူးကြမှာပါ။ သူ့ကိုဘာကြောင့်သံယောဇဉ်ဖြစ်ရသလဲဆိုရင်
သူ့ရဲ့ ပံ့ပိုးမှု ဦးဆောင်မှုကြောင့် နေ့တိုင်းအလုပ်ခွင်မှာလည်းအဆင်ပြေ၊ ကိုယ့်ကိုကိုယ်လည်းယုံကြည်မှုရှိခဲ့ရပါတယ်။
ကျောင်းပြီးလို့အလုပ်စ၀င်ချိန်ကနေစပြီး သူ့ကျေးဇူးနဲ့ ကျွန်မကိုယ်တိုင်ကော ကျွန်မသူငယ်ချင်းအချို့ကိုလည်း
အကူအညီတွေပေးနိုင်ခဲ့ပါတယ်။ သူကလည်းကျွန်မကျေးဇူးတွေသူ့မှာရှိတယ်လို့ပြောပါတယ်။ ဒီလိုနဲ့ သောကြာနေ့က တစ်ယောက်နဲ့တစ်ယောက် ကျေးဇူးစကားတွေအပြန်အလှန်ဆိုရင်
နှုတ်ဆက်ခဲ့ကြတယ်။
![]() |
| သဘာဝအတိုင်းကပိုကောင်းပါတယ်ဆိုတာ တကယ်လား |
October 24, 2010
၂၀၁၀၊တိုကျို၊ကထိန်၊အလှူ
October 1, 2010
အပေါ်စီးက
ရန်ကုန်ကို သတိရပြီး ဇူလိုင်လမှာသွားခဲ့တုန်းက ရိုက်လာတဲ့ ဓါတ်ပုံတချို့ကို ပို့စ်တင်လိုက်ပါတယ်။
![]() |
| အဝေးကဖူးမြင်ရတဲ့ ရွှေတိဂုံ ဘုရား |
August 19, 2010
ဖိနပ်ဆိုပေမယ့်
အခုတလော မြင်ရတဲ့ ဖိနပ်တွေထဲက ကျွန်မအနေနဲ့ တစ်ခါမြင်တာနဲ့ စိတ်ထဲမှာ“ဒီလို ဖိနပ်မျိုးတော့ မရှိစေချင်ဘူး” လို့ စဉ်းစားမိတာတွေကတော့။
July 21, 2010
ဇူလိုင်လ ၁၉ရက်နေ့မှာ ရန်ကုန်ကပြန်ရောက်ပါတယ်
ဖေဖေနေကောင်းအောင်ဆုတောင်းပေးတဲ့ မိတ်ဆွေများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ကျွန်မအတွက်တကယ့်ကို အားဆေးတစ်ခွက်ပါပဲ။ ဖေဖေ ကတော့ ဆေးရုံကပြန်ဆင်းလာပြီး လူကြီးရောဂါဖြစ်တဲ့ အတွက်ကြောင့် သူစားချင်တာကျွေးပြီး သူစိတ်ချမ်းသာအောင်ထားရတဲ့ အခြေအနေပါ။ အိုမင်းနာမကျန်းဖြစ်နေတဲ့ အဖေ့ကိုထားခဲ့ရပြီး၊ အနီးကပ် မပြုစုနိုင်တဲ့အတွက် ကျွန်မစိတ်မကောင်းပါဘူး။ မြေးလေးကို ဂျပန်လိုနှုတ်ဆက်တဲ့ဖေဖေနဲ့ ၊ “ဖိုးဖိုး ချစ်တယ်”လို့ ပြုံးပြီးပြောတဲ့ ကျွန်မသားလေးကို ကြည့်ရတာ အကြည်နူးဆုံးပါ။ မိဘတွေဟာ သားသမီးတွေကို အချိန်တိုင်းသတိရနေပြီး အတူနေချင်ကြတာကို ပိုပြီးနားလည်သိခွင့်ရခဲ့ပါတယ်။ သူတို့ရဲ့ နောက်ဆုံးအချိန်တွေဆိုတာကို သိနေရတာကတော့ ............
August 12, 2009
သူတို.ကြောင့်
သူတို.ကြောင့်
ကျမအခုလို စာရေးရတာ၊ မြန်မာစကားများများ မပြောရလို.ပါ။
စကားအလွန်များတဲ.ကျမကို ငယ်ငယ်က ဒေါ်လေးမူက ”ဆိတ်ချီးတစ်ပြည်ဝင်တယ်”လို. အမြဲပြောပါတယ်။ နောက် ပေါင်းခဲ.တဲ.သူငယ်ချင်းတွေက အကုန်လုံးစကားများတဲ.သူချည်းပါပဲ။ ဥပမာ၊ ချို၊ ခိုင်အေး၊ မိုးကျော်၊စုမွန်၊ တို.လိုမျိုးပေါ.။ သူတို.ကိုလည်းသူတို.ရဲ. ကြင်ယာတော်များက အလွန်စကားများတယ် လို.သတ်မှတ်ထားတာပါ။ မယုံရင်သူတို.ကို တိုက်ရိုက်ဆက်သွယ်ကြည့်ပါ၊ ဒါပေမယ့် အချိန်ရမှဖြစ်မယ်နော်။ စမိရင် ဆုံးမှာမဟုတ်တော့ဘူး။ သူတို.နဲ.တနေရာစီဝေးနေရတော့ ပြောစရာစကားတွေ က သိမ်းထားရတာများလာပြီး နောက်ဆုံတော့ စာအဖြစ်ချရေးလိုက်ရတော့ တာပါပဲ။

Subscribe to:
Posts (Atom)