ကျွန်မလွန်ခဲ့တဲ့၁၅နှစ်ဝန်းကျင်လောက်က ဂျပန်ဧည့်သည်တွေနဲ့ ကလောမြို့ကိုရောက်သွားတော့ ငါးရက်တစ်ဈေးနေ့ကြုံတာနဲ့ ဈေးရှိတဲ့ဘက်ကိုမနက်ခင်းလမ်းလျှောက်ထွက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံကထွက်လာပြီးနောက်ပိုင်း၊ မြန်မာလိုစာရေးရဘို့နဲ့ စကားပြောရဘို့ အခြေအနေသိပ်မရှိပါဘူး။ ဒါကြောင့်စာရေးချင်လာပါတယ်။နောက်ပြီး စကားပြောရတာ ၀ါသနာပါတာကြောင့် ဒီဘလော့ဂ်ကို စရေးဖြစ်ခဲ့ပါတယ်။
Showing posts with label ကျမ္မာရေး. Show all posts
Showing posts with label ကျမ္မာရေး. Show all posts
March 6, 2011
October 19, 2010
ဝဥ
ကျွန်မတို့မြန်မာနိုင်ငံမှာ ခက်ခက်ခက်ခဲ မစိုက်ပျိုးရပဲ၊ နိုင်ငံခြားဝင်ငွေရှာပေးနေတယ်ဆိုတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို အခြားနိုင်ငံများမှာ လူကြိုက်များတဲ့ အစားအစာအဖြစ်၊ မရှိမဖြစ်တဲ့ အစားအစာအဖြစ်စားသုံးနေကြတဲ့ ပစ္စည်းတွေဟာ နိုင်ငံခြားဝင်ငွေရရှိနိုင်တယ်ဆိုတာကို မြန်မာနိုင်ငံသားတွေသိတဲ့အတွက် စီးပွါးရေးအမြင်ကျယ်တာမှန်ပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာက ဘာကြောင့် ဒီပစ္စည်းတွေကို နိုင်ငံခြားက၀ယ်လိုအားကောင်းနေရသလဲဆိုတာရယ်၊ ဒီပစ္စည်းတွေကို မြန်မာနိုင်ငံသားများ ယခုထက်ပို၍စားသုံးသင့်တယ်ဆိုတာကို မြန်မာနိုင်ငံသားတွေ ပိုသိအောင်၊ စားစေချင်လာအောင် လုပ်ပေးဘို့လည်းလိုအပ်တယ်လို့မထင်ဘူးလားရှင်။
![]() |
| ၀ဥ ကနေ ချက်ပြုတ်စားသောက်ဘို့ ပြုလုပ်ပြီးသားရောင်းတဲ့ အခါ ဒီလိုပုံပါ |
September 17, 2010
ခြေထောက်အနွေးထည်

လက်ဂ် ၀မ်မာစ် (Leg warmers)
ဆိုတာကတော့ကျွန်မ မကြာခဏ၀တ်ဆင်လေ့ရှိတဲ့
ခြေထောက်အနွေးထည်တွေပါ။ အရင်ကျောင်းတက်တုန်းကတော့ မ၀တ်ဖြစ်ခဲ့ပါဘူး။ ရုံးမှာအလုပ်လုပ်ရတော့ နွေရာသီဆိုရင် တောက်လျှောက်အအေးခန်းထဲမှာ တစ်နေကုန်ထိုင်ရသလို အေးတဲ့ရာသီဆို အနွေးဓါတ်ပေးထားတဲ့ အခန်းထဲနေလည်း ဒူးပေါ်ကနေ အောက်ပိုင်းကို စောင်ပိုင်းခြုံထားလည်း ခြေထောက်တွေက ချမ်းတတ်လို့ သူ့ကိုဝတ်ဆင်ဖြစ်တာများပါတယ်။ရာသီ၎ခုစလုံးမှာ
တော်တော်လေး ၀တ်ဆင်ဖြစ်ပါတယ်။
August 12, 2010
ဘလောက်အရောင်
နောက်ခံအရောင် နောက်ခံဒီဇိုင်းတွေကြောင့် စာဖတ်ရတာအခက်အခဲဖြစ်စေတဲ့ ၀က်ဗ်ဆိုက်တွေကို ဖတ်ဘူးကြည့်ဘူးမယ်ထင်ပါတယ်။
ကျွန်မအတွက်ကတော့ ကျွန်မကြိုက်တဲ့ ဘလောက်အတော်များများဟာ နောက်ခံအမဲ သို့မဟုတ် အလွန်တောက်ပတဲ့ အရောင်တွေကို သုံးကြပါတယ်။ ကျွန်မလည်း ဒီလိုပဲလေ၊ ကိုယ်ကြိုက်တဲ့ အရောင်ကို လှတယ်ထင်ရင် သုံးပစ်လိုက်တာပါပဲ။
ကျွန်မအတွက်ကတော့ ကျွန်မကြိုက်တဲ့ ဘလောက်အတော်များများဟာ နောက်ခံအမဲ သို့မဟုတ် အလွန်တောက်ပတဲ့ အရောင်တွေကို သုံးကြပါတယ်။ ကျွန်မလည်း ဒီလိုပဲလေ၊ ကိုယ်ကြိုက်တဲ့ အရောင်ကို လှတယ်ထင်ရင် သုံးပစ်လိုက်တာပါပဲ။
May 29, 2010
ရိုးရိုးမွေးတာ နဲ့ ခွဲမွေးတာ
ဂျပန်မှာ ကလေးမွေးတဲ့ အခါ “ရိုးရိုး မွေး” တာ ဟာ ပုံမှန်ဖြစ်ပြီး ၊ မြန်မာပြည်မှာ ဆေးရုံမှာမွေးသမျှ အများစုဟာ “ ခွဲမွေးကြပါတယ်”။
ဆေးပညာ နဲ့ တိုးတက်မှုများစွာ ရှိနေတဲ့ ဂျပန်ပြည်မှာ ရိုးရိုး မွေးတာ က ပုံမှန်ဖြစ်ပြီး ၊ မီးသိပ်မလာ ၊ ဆေးဝါးမစုံလင်၊ ဆေးကုသခြင်းအာမခံ ကလေးသူငယ် နဲ့ သားသည်မိခင် ထောက်ပံ့မှု စံနစ်တွေ ဘာမှသေသေချာချာ မရှိတဲ့ မြန်မာပြည်မှာ ဘာကြောင့် “ခွဲမွေးတာ” ဟာ ပုံမှန်ဖြစ်နေရတာပါလဲ။

April 22, 2010
ပန်းဝတ်မှုန် ရောဂါ
ဂျပန်နိုင်ငံရဲ့ လူဦးရေ ၂၀%ဟာ ဒီရောဂါကိုခံစားနေကြရတဲ့ အတွက်၊ နိုင်ငံတော်ရောဂါအမျိုးအစား လို့တောင်သတ်မှတ်နိုင်လာတာကတော့ “ပန်းဝတ်မှုန်ရောဂါ” ပါ။
ရောဂါအမည်။ ။
(ဆေးပညာဝေါဟာရ pollinosis ဖြစ်တဲ့ hay fever ) ဂျပန်လို “ခါ့ဖွန်းရှော” (花粉症)လို့ခေါ်ပါတယ်။ အတိုကောက် ခါ့ဖွန်းလို့လည်း ပြောတတ်ကြပါတယ်။ တချို့နိုင်ငံတွေမှာတော့ ဥတုရာသီအလိုက်ဖြစ်တတ်တဲ့ မတဲ့တဲ့ ရောဂါ (seasonal allergy) လို့ခေါ်ကြပြီး ဥရောပအမေရိကဘက်မှာတော့ မြက်ခြုံပင်အခြောက်ရောဂါ (hay fever) လို့လည်းခေါ်ကြပါတယ်။

January 23, 2010
အထိုင်ကြာလေ အသက်တိုလေ
Couch potatoes and Mouse Potatoes live shorter lives
တီဗွီရှေ့ကြာကြာထိုင်သူများကို Couch potatoes ကွန်ပြူတာရှေ့ကြာကြာထိုင်သူများကို Mouse Potatoes လို့ခေါ်ပါတယ် တဲ့။ (ဂျပန်လိုကတော့ ခိုတာ့ဆု ဘူတာ့ こたつブタ လို့ ပြောကြပါတယ်)
အမေရိကန်နိုင်ငံ နှလုံးအဖွဲ့အစည်း ကနေတွေ့ရှိချက်ထုတ်ပြန်ချက်တစ်ခုအရ တစ်နေ့တစ်နေ့ အထိုင်များတဲ့ အချိန်များလေလေ အသက်ပိုတိုစေတဲ့ နှုန်းပိုများလာစေတာကို သြစတေးလျနိုင်ငံ သုတေသနအဖွဲ့ကနေ ယူဆကြောင်း အမေရိကန်သတင်းစာ နယူးယောက်တိုင်းမ်စ် မှာ ဖေါ်ပြထားပါတယ်။ အသက်၂၅နှစ်အရွယ် လူပေါင်း ၈၈၀၀ယောက်ကို ၆နှစ်ခွဲကြာ လေ့လာခဲ့တဲ့ သုတေသနဖြစ်ပါတယ်။ တောက်လျှောက်ထိုင်ပြီး တီဗွီကြည့်ချိန် တစ်နာရီပိုကြာတာနဲ့လိုက်ပြီး နှလုံးရောဂါဖြင့် အသက်တိုစေတဲ့နှုန်း ၁၈% ပိုများပြီး၊ အခြား အကြောင်းရင်းများအရ အားလုံးကိုခြုံ ၍ကြည့်လျှင်လည်း အသက်တိုစေနှုန်း ၁၁%ခန့်ပိုများနိုင်တယ်ဆိုတဲ့ အချက်ကို တွေ့ရှိရတယ်လို့ဆိုပါတယ်။ တစ်နေ့ကို ၄နာရီ သို့ မဟုတ် ၎င်းထက်ပိုပြီး အချိန်ကြာမြင့်စွာ တီဗွီကြည့်သူများ ဟာ၊ အချိန်၂နာရီနှင့် ၎င်းအောက်အချိန်နည်း၍ တီဗွီကြည့်သူများထက် နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါကြောင့် သေဆုံးနိုင်မှု ၈၀%ပိုများပြီး၊ အသက်တိုစေသည့် အခြားသောအကြောင်းကြောင့်များထက်လည်း ၁၁%ပိုမိုများတာကိုတွေ့ရှိရတယ် လို့ ဆိုပါတယ်။ မူလကတည်းက ရောဂါဝေဒနာတခုခုကိုခံစားနေရပြီး အချိန်ကြာတီဗွီထိုင်ကြည့်တတ်လေ့ရှိသူများ၊ diet ( အစားအသောက် အနေအထိုင်ကို ထိန်းချုပ်ဆင်ခြင်ခြင်း) လုပ်နေသူများ၊ ဆေးလိပ်ဖြတ်နေသူများနှင့် ၊ နဂို နှလုံးရောဂါဝေဒနာရှိသူများ ကဲ့သို့သော သာမန်ထက်အခက်အခဲရှိသောအခြေအနေတွင် ရှိသူများအား မထဲ့သွင်းပဲ သုတေသနပြုထားခြင်းဖြစ် ပါတယ်တဲ့။ အဲဒါအပြင် ဒီသုတေသနမှာတော့ အ၀လွန်ခြင်းကြောင့် အသက်တိုနှုန်းများစေသည် မများစေသည် ကို လေ့လာသုတေသနပြုထားခြင်း မဟုတ်ကြောင်းလည်း ရေသားထားပါတယ်။ အဆိုပါ သုတေသနကို ပြုလုပ်နေစဉ်အတွင်းမှာပဲ “ကိုယ်လက်လှုပ်ရှားမှု ၏ အကျိုးအာနိသင်” အတွက် လေ့လာမှုနှင့် “အထိုင်များခြင်း ၏ ဆိုးကျိုး” တွေဟာ၊ လေ့လာသုတေသနပြုသူများကို ပိုမို စိတ်ဝင်စားလာစေခဲ့ပါတယ်တဲ့။ သုတေသနအဖွဲ့ရဲ့ ခေါင်းဆောင်က “ နေ့တိုင်း လိုလို၊ လူတော်တော်များများဟာ ကားပေါ်ကကုလားထိုင်ပေါ်ကနေ ရုံးပေါ်က ကုလားထိုင် ၊အဲဒီကနေ တဆင့် တီဗွီရှေ့က ဆိုဖာ ကို ရွှေ့ပြောင်းပြီး ၊ အချိန်ရှိသမျှ ထိုင်နေတာပဲ၊ ဘယ်လောက်ပဲ ကျမ္မာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပါစေ၊ အချိန်ကြာမြင့်စွာ ထိုင်တတ်တဲ့အတွက်ကြောင့် သွေးထဲမှာရှိတဲ့ အဆီဓါတ်နဲ့ သကြားဓါတ်တို့အတွက်ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်” လို့ပြောပါတယ်။ ဒီဆောင်းပါးလေးကို ဖတ်ပြီး တတ်နိုင်သ၍ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးဘို့သတိရပြီး ဘ၀တူ အထိုင်များတဲ့ အလုပ်လုပ်သူများကို လည်း လက်ဆင့်ကမ်းမျှဝေလိုက်ပါတယ်။
ကိုးကားစာမျက်နှာများ http://www.nytimes.com/2010/01/26/health/26beha.html http://news.searchina.ne.jp/disp.cgi?y=2010&d=0122&f=national_0122_005.shtml http://image-search.yahoo.co.jp/search?ei=UTF-8&p=%E3%83%9E%E3%82%A6%E3%82%B9%E3%83%9D%E3%83%86%E3%83%88 http://homepage3.nifty.com/tak-shonai/intelvt/intelvt_022.htm

August 13, 2009
ဥာဏ်ကောင်းတဲ.ခလေးဖြစ်အောင်ဘယ်လိုမွေးမလဲ
ဥာဏ်ကောင်းတဲ.ခလေးဖြစ်အောင်ဘယ်လိုမွေးမလဲ
ဖူဂျီ အသံလွှင့်ဌာန(FUJI Television)ရဲ. အစီအစဉ်တစ်ခုဖြစ်တဲ. ” စိတ်နှလုံးဘ၀င်အကြိုက်တွေ.စေမယ်. တီလီဗေးရှင်း” ကနေထုတ်လွှင့်ခဲ.ပြီး ဂျပန်နိုင်ငံမှာ အခုပိုပြီးရေပန်းစားလာနေတဲ့ အကြောင်းအရာတစ်ခုကို မိတ်ဆက်လိုပါတယ်။ အဲဒီအစီအစဉ်မှာ အကြောင်းအရာမျိုးစုံကို ထုတ်လွှင့်ပြီး အခုပြောမယ့် အကြောင်းအရာရဲ. ခေါင်းစဉ်ကတော့ ”ဦးနှောက်နှင့်အာရုံကြောသိပံ္ပပညာရှင် ဖွားဖွား ခုဘိုတာ ခါ.ယော့ကို (KUBOTA Kayoko) ” ပါ။
အစီအစဉ်ကို ၂၀၀၉ခုနှစ်၎လပိုင်း ၁၉ရက်နေ.မှာစတင်ထုတ်လွှင့်ပြီး ဖူဂျီအသံလွှင့်ဌာနမှလည်း နောက်ဆက်တွဲကို ထပ်မံထုတ်လွှင့်ပြီး ၊ အခြားအသံလွှင့်ဌာနများကလည်း ဖွားဖွားနဲ.တွေ.ဆုံခန်းတွေ ဖွားဖွားရဲ့အကြောင်းတွေကို ထုပ်လွှင့်ခဲ့ကြပါတယ်။ဒီ့နောက်တော့ အပြင်လောကမှာဒီအကြောင်းဟာ တစတစ လူပြောများလာခဲ့ပါတော့တယ်။
အဓိကပြောပြချင်တာကတော့ လူတစ်ယောက်ရဲ. ဦးနှောက်ဟာ အသက်၃နှစ်အရွယ်အထိမှာ တဟုန်ထိုး တိုးတက်မှု ရှိတာကို သတိပြုကြည်.ပြီး၊ သူ.ရဲ.စဉ်းစားတွေးခေါ်မှုဥာဏ်ရည်ကို ပျိုးထောင်ပေးနိုင်တာ (ပင်မဦးနှောက်ကြီးရဲ. အရှေ.ပိုင်းခြမ်းကို လှုန်.ဆော်မှုပေးတာ) ပဲဖြစ်ပါတယ်။ ဒါဟာအသိဥာဏ်ပညာကို မြှင့်တင်ပေးခြင်းတစ်ခုအနေနဲ. လူမမယ်ခလေးအရွယ်များပြုစုစောင့်ရှောက်ရေးနည်းလမ်းအနေနဲ. အသိအမှတ်ပြုထားတယ်ဆိုတာပါပဲ။
ဒါကြောင့် တစ်နှစ်အောက်အရွယ်ခလေးငယ်ကို ပြုစုပျိုးထောင်နည်း (၇)ချက်ကို အစီအစဉ်ကနေ မိတ်ဆက်ပညာပေးသွားပါတယ်။
အဲဒါတွေကတော့
(၁) သေးစိုအနှီး(ဘောင်းဘီ)ကိုလဲပေးချိန်မှာ ခလေးကို အသံပြုရမယ်။ (အကြားအားရုံမှတဆင့် စကားပြောခြင်းကို အာရုံခံစားတတ်စေရန်)
(၂)တူတူရေ၀ါး ကို တနေ. အနည်းဆုံး ၅ကြိမ်ထက်မနည်းကစားပေးရမယ်။( ခလေးငယ်အား မမြင်ရခြင်းမှ မြင်ရခြင်း အချိန်အကြား စောင့်ဆိုင်းမျှော်လင့်မှုကို အာရုံခံစားတတ်စေရန် နှင့် အမြင်အားကို စူးစိုက်တတ်စေရန်)
(၃)ခလေးငယ်ကို အရောင်အသွေးစုံတဲ့ အ၀တ်အစားဆင်ယင်ပေးရမယ်။ (အရောင်ခွဲခြားမှတ်သားမှု နှင့် အဆင်အသွေး တို.ပေါ်အာရုံခံစားတတ်စေရန်)
(၄)တတ်နိုင်သ၍ကျောပိုးချီပေးရမယ်။( ကိုယ်လက်လှုပ်ရှားမှုနှင့်ပတ်သက်သော အာရုံနှင့် ဟန်ချက်ယူခြင်းကို စတင် ခံစားတတ်စေရန်)
(၅)ခလေးငယ်ပြောပြောစကားကို မသုံးရ။ စကားမပီကလာပြောခြင်းမပြုရ။(မပီကလာပြောဆိုခြင်းသည် ခလေး၏ ပြောဆိုမှုအရည်အသွေးကို ရုတ်လျော့စေသည်)
(၆)တူ၊စာရေးကရိယာဘောပင်များကို သူ.အလိုအလျေက်ရုတ်တရက်ဆွဲကိုင်စေခြင်းမပြုရ။ (ထိုအရာများတွင် ကိုင်ပုံကိုင်နည်းစံနစ်တကျရှိသောကြောင့် လူကြီးများမည်သို.မည်ပုံ ကိုင်တွယ်သုံးစွဲ သည်ကို အကြိမ်ကြိမ်ကြည့်ရှုစေခြင်းဖြင့် မှတ်မိစေရမည်။ )
(၇) ဘယ်ဟာယူမလဲ။ ဘယ်ဟာပိုကြိုက်လဲဆိုတဲ. မေးခွန်းကို မေးပေးရမည်။(နှိုင်းယှဉ်မှု၊ ရွေးချယ်မှု၊ ဆုံးဖြတ်ချက်ချမှုတို. ကို လေ့ကျင့်ပေးခြင်း)
အဲဒါတွေအပြင် ခလေးငယ်ကို အနံ.တွေကိုကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အားလုံးကို သိအောင်လုပ်ပေးရမယ်။ ”ရပ်လိုက်၊မလုပ်ရဘူး”ဆိုတာတွေကို ပြောတဲ.အခါ ခလေးရဲ. လှုပ်ရှားမှုကို ဘယ်လိုရပ်ရမယ်ဆိုတာသိလာအောင်၊ ဂျောက်ဂျက်တို. လှုပ်ခါတဲ.အရာတွေကို ခလေးရဲ.အရှေ.မှာ လှုပ်ပြရင် ဖြည်းဖြည်းချင်းလှုပ်ဘို.လိုပါတယ်တဲ.။ ခလေးငယ်လေးရဲ. အမြင်အားဟာ မြန်တဲ. လှုပ်ရှားမှုတွေကို သူမျက်စိနဲ. ချက်ချင်းမမြင်နိုင်ပါဘူးတဲ.။
နောက်ထပ်သတိပြုရမည်. အချက်များကတော့
”မကြိုက်ဘူး၊ မုန်းတယ်”ဆိုတဲ. စကားကို မသုံးသင့်ပါဘူး။ ခလေးရဲ.ကိုယ်စားပြောပေးတာမျိုး မလုပ်သင့်ပါဘူး။ လက်ချောင်းတွေကို တစ်ချောင်းစီ လှုပ်ရှားပေးရပါမယ်။ ပိုက်နဲ.စုတ်သောက်တတ်အောင်သင်ပေးရပါမယ်။ နို.ဗူးသောက်ခြင်းဟာ ခလေးရဲ.လျှာဖွံ.ဖြိုးမှုအတွက် အကျိုးသိပ်မရှိပါဘူး။ ခလေးကို စကားပြောတဲ. အခါ မြန်မြန်ပြောပေးရပါမယ်။
” ဦးနှောက်နှင့်အာရုံကြောသိပံ္ပပညာရှင် ဖွားဖွား” ကပြောပါတယ် ကလေးဘယ်နှစ်ယောက်မွေးမလဲ မွေးချင်သလောက်မွေး၊ အားလုံးကို ဥာဏ်ကောင်းတဲ.ခလေးဖြစ်အောင်လုပ်လို.ရတယ်၊ ကိုယ်.ခလေးကို ပြုစုပျိုးထောင်တာလွယ်လွယ်နဲ.သူ.သဘောအတိုင်းသွားမယ်ဆိုရင်တော့ ထိပ်တန်းအောင်မြင်သူ လူသားတစ်ယောက်ဖြစ်လာမှာမဟုတ်ဘူးတဲ. ။
မိခင်ဖခင်နှင့်ပတ်ဝန်းကျင်က သိပ်မပင်ပန်းတဲ. ဂရုစိုက်ပြုစုမှု ကြောင့် ခလေးတစ်ယောက်ဟာ အထင်ကရ လူကြီးတစ်ယောက်ဖြစ်လာနိုင်တာကို သိပံ္ပပညာနဲ.လက်တွေ.ကျကျ သဘောပေါက်လိုက်ရပါတယ်။
မှတ်ချက်။ ဦးနှောက်နှင့်အာရုံကြောသိပံ္ပပညာရှင် ဖွားဖွားဟာ၊ငယ်ရွယ်စဉ် ချမ်းးသာသောမိဘများမှပေါက်ဖွားခဲ.ပြီး၊ ဦးနှောက်နှင့်အာရုံကြောပါမောက္ခခင်ပွန်းသည် နှင့်အတူ နေထိုင်ပြီး၊ ဂျပန်နိုင်ငံရဲ. ထိပ်တန်းတက္ကသိုလ်ကျောင်းဆင်း သားနှစ်ယောက်တို.ကို မွေးဖွားခဲ.တဲ. အာဂအမျိုးသမီး၊စံပြမိခင်တစ်ယောက်ဖြစ်ပါတယ်။
အောက်ပါ လိပ်စာမှာ အဲဒီအစီအစဉ်ကို ကြည့်ရှုနိုင်ပါတယ်။ ဒါပေမယ့် ဂျပန်လိုဖြစ်နေတယ်နော်။
http://www.youtube.com/watch?v=JXj4-8AJsEI
August 6, 2009
အသက်ရှည်ချင်ရင် အစားလျှော့စားပါ

အသက်ရှည်ချင်ရင် အစားလျော့စား
တရုပ်နိုင်ငံ နန်ကျင်းပြည်နယ်(http://en.wikipedia.org/wiki/Nanjing) က ယန်းစီညနေပိုင်းသတင်းစာYangtse Evening Post မှာ ပါတဲ.ဆောင်းပါးတစ်ပုဒ်က လူလတ်ပိုင်းအရွယ်တွေအတွက် ကျမ္မာရေးဆိုင်ရာပြဿနာတွေကို လမ်းညွှန်ထားတာကတော့ “အသက်ရှည်ရှည်နေနိုင်ရန်အတွက် ဂျပန်လူမျိုးတွေလို အစားနည်းနည်းစားခြင်းသည် အဓိကဖြစ်သည် ”လို. ဆိုထားပါတယ်။
ဆောင်းပါးမှာဖေါ်ပြထားတာကတော့။ တရုပ်နိုင်ငံမှာ အစားငတ်ပြီးသေဆုံးခဲ့ရတာတွေဟာ သမိုင်းမှာ မြောက်များစွာရှိခဲ့တော့ လူတွေဟာ “အစားဆိုတာ များများစားမှ ” ဆိုတဲ. အယူအဆက အစွဲကြီးစွဲနေကြကြောင်း။ အထူးသဖြင့် အသက်အရွယ်ရစပြုလာတဲ.အချိန်တွေမှာ အစားများလို. အဟာရလွန်ကဲပြီး ကျမ္မာရေးအတွက် ထိခိုက်နစ်နာ တဲ့ဆိုးကျိုးတွေဖြစ်နိုင်ကြောင်း။
ဆက်လက်ပြီးဆောင်းပါးမှာ ဖေါ်ပြထားတာကတော့ ဂျပန်လူမျိုးတွေရဲ.ပျမ်းမျှသက်တမ်းဟာ ၈၂နှစ်ဖြစ်ပြီး ဒါဟာ ကမ္ဘာ့စံချိန်ရဲ. အသက်အရှည်ဆုံးသက်တမ်းဖြစ်တာကိုပါ။ ဒီလို အသက်ရှည်ရတဲ့ အကြောင်းရင်းအမျိုးမျိုးထဲက အဓိကတစ်ခုကတော့ အသောက်အစားကို ပမာဏနဲနဲပဲ စားသုံးတာဖြစ်တယ်ဆိုတာပါပဲ။ “ဂျပန်ကိုရောက်ဘူးတဲ.သူတွေအားလုံးသိပြီးသားဖြစ်မှာပါ။ ဂျပန်က စားသောက်ဆိုင်တွေမှာ အစားအသောက်တွေထွက်လာရင် တကယ့်ကိုနည်းနည်းလေးပဲ။ လက်တွေ.ဂျပန် နိုင်ငံမှာ လူဝကြီးတွေဆိုတာက ဆူမိုနပန်းသမားတွေပဲ။ သာမန်လူအများစုကတော့ ချပ်ချပ်ရပ်ရပ်စမတ်ကျကျ တွေပါ”ပဲတဲ.။
တဖက်ကကြည့်မယ်ဆိုရင် “တရုပ်နိုင်ငံ ရှန်ဟိုင်းဟာ တရုပ်နိုင်ငံရဲ. အသက်ရှည်သူအများဆုံး နေထိုင်ရာဒေသဖြစ်ပြီး ၂၀၀၆ခုနှစ်သုတေသနပြုချက်များအရ အရှည်ဆုံးပျမ်းမျှသက်တမ်းအရှည်ဆုံးဟာ ၈၀နှစ်ကနေ ၉၇နှစ်အထိဖြစ်ပြီး ဂျပန်နိုင်ငံနီးပါးလောက်ရှိပါတယ်။ ရှန်ဟိုင်းသားတွေ အစားနည်းတာလည်း နံမယ်ကြီးပါတယ်။ ” “ရှန်ဟိုင်းမှာ အိမ်ကိုခေါ်ထမင်းဖိတ်ကျွေးရင် ထမင်းဟင်းတွေက နည်းလို. ““သိပ်ခင်ခင်မင်မင်မရှိလှဘူးလို. ””သံသယဖြစ်တဲ.သူတွေတောင် ရှိပါတယ်။ သူတွေရဲ့ပုံမှန် စားတဲ.ပမာဏ ကိုက အဲဒီလောက်ပါပဲ။
တရုပ်နိုင်ငံဟာတဖြည်းဖြည်းနဲ. မြို.ကြီးတွေကို ဗဟိုပြုပြီး စားသောက်မှုအဆင့်အတန်း ခေတ်မှီမြင့်မားကြွယ်ဝလာတာနဲ.အတူ ရောဂါအသစ်အဆန်းများလည်း ခံစားလာရနေကြရပါတယ်။ အခုဆိုရင် အ၀လွန်တဲ. ခလေးသူငယ်များလည်း များပြားပြီး လူနေမှုဘ၀သစ်ရဲ. ပြဿနာအသစ်တစ်ခုကို တွေ.ကြုံနေကြရပါတယ်။
http://excite.co.jp/News/china/20090129/Searchina_20090129092.htmlတွင်ပါရှိသောဆောင်းပါးကို မြန်မာလိုပြန်ဆိုထားခြင်းဖြစ်ပါသည်။
Subscribe to:
Posts (Atom)